365myanmar.com မှာ ဘယ်လို ဈေးဝယ်မလဲ…?

အကောင့်ဖွင့်ရန်...

365myanmar.com တွင် လွယ်ကူစွာ ဈေးဝယ်နိုင်ဖို့ အတွက် သင့်တွင် ဈေးဝယ်အကောင့်ရှိဖို့ လိုအပ်ပါသည်။

365myanmar.com တွင် သင့်အကောင့်အသစ်ကို လွယ်ကူစွာ ဖွင့်လှစ်နိုင်ပြီး။

ယခု facebook account ဖြင့်လည်း 365myanmar.com တွင် လွယ်ကူစွာ ဖွင့်လှစ်နိုင်ပါတယ်။

ပစ္စည်းမှာရန်...

မိမိဝယ်ယူလိုသော ပစ္စည်းကို search box မှာ ရှာလိုက်ပါ။

ပစ္စည်းအကြောင်း အသေးစိတ်ကို ဖတ်ရှု့နိုင်ပြီး ကြိုက်နှစ်သက်သည်ဆိုပါက ခြင်းတောင်းထဲသို့ ထည့်ပါ။

ခြင်းတောင်းထဲသို့ထည့်ပြီး ၀ယ်ယူရန် မသေချာသေးပါက ပစ္စည်းကို remove ပြန်လုပ်နိုင်ပြီး သေချာသည်ဆိုပါက မှာယူရန်ကိုနှိပ်နိုင်ပြီး သင့်အမှာစာကို လက်ခံရရှိမည် ဖြစ်ပါသည်။

ငွေပေးချေစနစ်

ဘဏ်အကောင့်မှ ငွေပေးချေနိုင်ခြင်း။

ပစ္စည်းရောက်မှ ငွေပေးချေနိုင်ခြင်း။

Delivery နှင့် Shipping Policy

Delivery မှာ ပုံမှန် ပစ္စည်းပို့ဆောင်မှုနှင့် အမြန်ချောပို့ Delivery ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။

ပုံမှန် ပစ္စည်းပို့ဆောင်မှုမှာ (၃-၉)ရက်အတွင်း ကြာမြင့်မည်ဖြစ်ပြီး ပို့ဆောင်ခမှာ (၆၀၀) ကျပ်မှ (၈၀၀) ကျပ်အထိသာ ကျသင့်မည် ဖြစ်ပါသည်။

အမြန်ချော ပစ္စည်းပို့ဆောင်မှုမှာ (၂-၄)ရက်အတွင်း ကြာမြင့်မည်ဖြစ်ပြီး အမြန်ပို့ဆောင်ခမှာ ဂရမ်အလေးချိန် အလိုက် ပေးဆောင်ရမည် ဖြစ်ပါသည်။

365myanmar.com မှာ ဘယ်လို ဈေးရောင်းမလဲ…?

ရောင်းချလိုလျှင်

ဆိုင်ဖွင့်လိုလျှင် ကိုယ်တိုင်ပစ္စည်းများကို တင်ရောင်းချနိုင်သည်။ (သို့မဟုတ်)

လိုအပ်ပါက 365myanmar.com ဝန်ထမ်းများမှပစ္စည်းများအား website ပေါ်သို့ Free တင်ပေးခြင်းနှင့် လိုအပ်သည်များကိုပြုပြင် ပြင်ဆင်ပေးခြင်းများ စသောဝန်ဆောင်မှု့များပေးပါသည်။

ဆိုင်ဖွင့်လိုသူမှ ပစ္စည်း၊ ဓါတ်ပုံ၊ ဒီဇိုင်းများ နှင့် ပစ္စည်းအကြောင်းအရာ အသေးစိတ်များကို Email မှ တဆင့်ပေးပို့ရပါမည်။

ပစ္စည်းအရည်အသွေးပြည့်မှီကြောင်း အာမခံရပါမည်။ အာမခံထားသော ပစ္စည်းနှင့် တင်သွင်းရောင်းချသောပစ္စည်း ကိုက်ညီမှု့မရှိပါက ဝယ်သူ၏တုံ့ပြန်မှုအပေါ်တွင် ပြန်လည်ဖြေရှင်းပေးနိုင်ရပါမည်။

မိမိတင်သွင်းရောင်းချသော ပစ္စည်းများကိုဆိုင်များ၏ ဈေးအတိုင်း FIXED Price ဈေးနှုန်းတစ်သက်မှတ်ထဲ ရောင်းချနိုင်ပါသည်။

365myanmar.com တွင် FIXED Price ဖြင့်တင်ရောင်းသော ပစ္စည်းများအား ရောင်းရပစ္စည်းပေါ်တွင်မှုတည်၍ % ပေးဆောင်ရမှာဖြစ်ပါသည်။

ရောင်းရပစ္စည်းများအတွက် တစ်လတစ်ကြိမ် Bank-to-Bank ငွေရှင်းတမ်းများပြုလုပ်ပေးမှာဖြစ်ပါသည်။

Promotion Item များအား Banner ဆွဲ၍ 365myanmar.com ပင်မစာမျက်နှာ (Main Page) တွင် ဖော်ပြပေးမှာဖြစ်ပါသည်။

ရောင်းချသူလမ်းညွှန်

အကောင့်သစ်ဖွင့်ရန် ကိုနှိပ်ပါ။

ဈေးဆိုင်ပိုင်ရှင်အကောင့် ကိုရွေးချယ်ပါ။

အကောင့်ရရှိရန်အတွက် အချက်အလက်များဖြည့်စွက်ပါ။ ပြီးလျှင် Register Button ကိုနှိပ်ပါ။ မိမိပစ္စည်းများကို စတင်ရောင်းချနိုင်ပါသည်။

မှတ်ချက်

ဖုန်းနံပါတ်နှင့် လိပ်စာကို Register လုပ်ချိန်တွင် ဖြည့်စွက်ပြီးဖြစ်ပါ၍ ပစ္စည်းတင်၍ရောင်းတဲ့အချိန်တွင် ပစ္စည်းအချက်အလက်မှာ ပစ္စည်းနှင့် သက်ဆိုင်သည့် အချက်အလက်များကိုသာပြည့်စုံအောင်ဖြည့်စွက်ပါရန်။

ပစ္စည်းရဲ့ အရည်အသွေးကိုပိုမိုမြင်သာအောင်ဖြစ်ပါတယ်။ မိမိတို့ပစ္စည်းရဲ့ ပုံကိုလည်း ပိုမိုကြည်လင်ပြက်သားစွာမြင်နိုင်ရန်အတွက် ပုံအရွယ်အစားကို (width x Height) (800 x 800) pixels ဖြင့်တင်ပေးပါရန်။

ပစ္စည်းပြန်လည်ပေးပို့လိုလျှင်

ပြန်လည်ပေးပို့၍မရသောပစ္စည်းများ...

အတွင်းခံ

စားသောက်ကုန်

အဖျော်ယမကာနှင့်ဆေးလိပ်

အလှကုန်နှင့် Skincare Products

တကိုယ်ရေသုံးပစ္စည်းများ

Fancy လက်ဆောင်များ

ရေမွှေးများ

ပစ္စည်းပြန်လည်ပေးပို့လိုပါက အောက်ပါအချက်အလက်များဖြင့် ကိုက်ညီမှသာ ပြန်လည်ပေးပို့သောပစ္စည်းများကို လက်ခံပါမည်။

365myanmar.com မှမှားယွင်းပေးပို့ခြင်း

သတ်မှတ်ထားသော ပါဝင်ပစ္စည်းများအပြည့်အစုံမပါရှိခြင်း

ပစ္စည်းများပျက်စီးနေခြင်း ထိုအချက်များထဲမှ တစ်ခုခုနှင့်ညှိစွန်းနေပါက (၇)ရက်အတွင်းပြန်လည်ပေးပို့နိုင်ပါမည်။ ပစ္စည်းတွင်မူလပါဝင်သော စာရွက်စာတမ်းများ၊ အာမခံစာရွက်များ အစုံအလင် နှင့်

လက်ဆောင်ပစ္စည်းများပါပါက လက်ဆောင်ပစ္စည်းများပါ တပါတည်းပြန်လည်ပေးပို့ရမည် ဖြစ်ပါသည်။

အောက်ပါအချက်အလက်များဖြင့် ကိုက်ညီမှုမရှိပါက 365myanmar.com မှပစ္စည်းများအား လုံးဝ ပြန်လည်လက်ခံမည်မဟုတ်ပါ။

မှားယွင်းရရှိသောပစ္စည်းများအားအသုံးပြုထားခြင်း၊ ပါကင်ဖွင့်ထားခြင်း

မိမိအသုံးပြုပြီးမှ ပျက်စီးသွားခြင်း (အာမခံသက်တမ်းရှိသည့်ပစ္စည်းများအတွက် တင်သွင်းရောင်းချသူနှင့်ဆက်သွယ်နိုင်ရန် 365myanmar.com မှကူညီပေးပါမည်)

မူလပါဝင်သည့်ပစ္စည်းများမပြည့်စုံခြင်း

ပစ္စည်းများအစွန်းအထင်းပါရှိခြင်း၊ ပျက်စီးနေခြင်း

နဂိုမူလတံဆိပ်များပျက်စီးနေခြင်း

ပစ္စည်းများ အနာအဆာအပျက်အစီးပါခဲ့လျှင် 365myanmar.com မှအောက်ပါဝန်ဆောင်မှုများ ရယူနိုင်ပါသည်။

ပေးပို့သူဖြင့်တပါတည်းပြန်ထည့်ပေးပြီးပစ္စည်းအကောင်းဖြင့်ပြန်လည်လဲယူခြင်း

တန်ဖိုးတူအခြားပစ္စည်းတခုခုဖြင့်လည်းပြန်လည်လဲလှယ်ဝယ်ယူနိုင်ခြင်း

ပစ္စည်းပြန်လည်ပေးပို့ခြင်းအတွက် လုပ်ဆောင်ရမည့်အချက်များ ...

ပို့ဆောင်သူနှင့်တပါတည်းပြန်လည်ပေးပို့ခြင်း

ဝန်ဆောင်မှု့ဌာနသို့ ဆက်သွယ်၍ပြန်လည်ပေးပို့မှု့ကိုအသိပေးခြင်းနှင့်

Return Form (ပြန်လည်ပေးပို့ရန်ဖြတ်ပိုင်း) တွင် လိုအပ်သည့်အချက်အလက်များကိုဖြည့်စွက်ပြီး ပြန်လည်ပို့ဆောင်နိုင်ပါသည်။

ပြန်လည်ပို့ဆောင်စရိတ်အား မှ ပေးဆောင်မည် ဖြစ်ပါသည်။