Burma’s Blood face Design Shirt Black (Black) (XXL)

by 90jack
9,500 ကျပ်

Burma’s Blood face Design Shirt Black

  • Sticker ခိုင်မာမှုရှိခြင်း ၊ 
  • အသားရောင်မရွေးဝတ်ဆင်နိုင်ခြင်း။ 
  • Couple ဝတ်ဆင်နိုင်ခြင်း ။ 

ကုန်ပစ္စည်းအလေးချိန် : 800 g

အရွယ်အစား

M L XL XXL

ကုန်ပစ္စည်းအရောင်

အသေးစိတ်အချက်အလက်များ

Burma’s Blood face Design Shirt Black

Sticker လေးတွေကို အထူးအသားပေးထားပြီးချုပ်လုပ်ထားတဲ့ပုံစံလေးဘဲဖြစ်ပါတယ်။ အရောင်ကျွတ်ခြင်းမရှိစေရန်လဲ အကောင်ဆုံးနှင့်အရည်အသွေးပြည့်ဝဆုံးဆောင်ရွက်ထားတဲ့အတွက် ဆေးရောင်ကျွတ်၍ စိတ်ညစ်စရာမလိုအပ်တော့ပါဘူး။ အလွယ်တကူလည်း လျော်ဖွတ်နိုင်တဲ့အတွက် အဝတ်လျော်ရာတွင်အများကြီးအလုပ်များစရာမလိုအပ်တော့ပါဘူး ၊ ထုတ်လုပ်ထားတဲ့နိုင်ငံကတော့ THAILAND ဖြစ်သောကြောင့် အရည်အသွေးပြောစရာမလိုအပ်တော့လောက်အောင်ကောင်းမွန်မှာကို သိရှိပြီးဖြစ်မှာပါ။ Sticker လေးကိုတော့ မြန်မာနိုင်ငံတွင်ရိုက်နှိပ်ထားခြင်းဖြစ်ပါတယ် ။ ဒီshirt လေးရဲ့ design လေးကတော့ အဝိုင်လေးတစ်ခုထဲတွင် မြန်မာတိုင်းရင်းသားလူမျို.တစ်ခုရဲ့  ဓလေ့တစ်ခုဖြစ်တဲ့ ပါးယဲထိုးထားတဲ့ သူတစ်ဦးရဲ့ ပုံကိုပုံဖော်ထားခြင်းဖြစ်ပြီး အဝိုင်းလေးထဲတွင် ဓားနှစ်လက်နှင့် Burma’s Blood face ဆိုသည့်စာသားလေးနှင့် ပုံဖော်ထားခြင်းဖြစ်ပါတယ် ။ Colour လေးကတော့ အောက်ခံ shirt လေးကို အမဲရောင်လေးနှင့် ပြုလုပ်ထားပြီး Sticker လေးကို အပြာ၊ အနီ၊ အဖြူ၊ အညိုရောင်တို့နှင့် ပုံဖော်ထားခြင်ဖြစ်တဲ့အတွက် အလွန်ကိုလှပပြီး Style ကျကျနှင့် ဝတ်ဆင်ချင်သူတွေအတွက် သင့်တော်တဲ့ Shirt လေးဖြစ်ပါတယ်။ အောက်ခံအမဲလေးဖြစ်သဖြင့် အသားအရောင်မရွေးလိုက်ဖက်စွာဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။ အမဲရောင်လေးဖြစ်သဖြင့်စွန်းထင်းမှာလဲပူပင်စရာမလိုပါဘူး လွပ်လပ်ပြီးပေါ့ပါး၍ Style ကျကျဝတ်ဆင်နိုင်မည် Shirt လေးဖြစ်ပါတယ်။ယောကျာင်္းလေးများဝတ်ဆင်ရန်သင့်တော်ပြီး ၊ မိန်းကလေးရော ဝတ်ဆင်နိုင်သည့် အတွက် couple ဝတ်ဆင်မည်ဆိုမည်ဆိုပါကစိတ်ကျေနပ်မှုနှင့် လိုက်ဖက်မှုကိုခံစားတွေ့ကြုံခံစားရမှာဖြစ်ပါတယ်။ 

 

Customer Reviews

သင့်သုံးသပ်ချက်ရေးရန်အတွက် 365myanmar.com တွင် register လုပ်ပေးရန်လိုအပ်ပါသည်။