Adidas sneaker super star (black) (44)

by Adidas
200,000 ကျပ်

Adidas sneaker super star 

  • အရည်အသွေးစိတ်ချယုံကြည်ရခြင်း။ 
  • ပေါ့ပါးပြီးသင်သောင့်သက်သာနှင့်စီးနိုင်ခြင်း။
  • Design ဆန်းသစ်ပြီး ဝတ်ဆင်သူနှင့်လိုက်ဖက်ပြီး Style ကျခြင်း။ 

ကုန်ပစ္စည်းအလေးချိန် : 1100 g

အရွယ်အစား

36 36.5 37.5 38 38.5 39 40 40.5 41 42 42.5 43 44

ကုန်ပစ္စည်းအရောင်

အသေးစိတ်အချက်အလက်များ

Adidas sneaker super star 

အရည်အသွေးကောင်းပြီး အဆင့်အတန်းမှီသည့်ဖိနပ်များကိုသာ ထုတ်လုပ်သည့် Adidas ရဲ့ super star ဖိနပ်လေးများဟာဆိုရင်တော့ ဖိနပ်ကိုလွပ်လွပ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးနှင့် Style ကျကျ ဝတ်ဆင်လိုသည့်လူငယ်များအတွက် အကြိုက်တွေ့စေမည့် ဖိနပ်လေးဖြစ်ပါတယ်ခင်ဗျာ။ ဝတ်ဆင်သည့်အချိန်တွင်သက်သောင့် သက်သာနှင့် စီးနိုင်စေရန်အတွက် အောက်ဖက်တွင်လေအိတ်ကိုထည့်သွင်းပေးထားပြီး အပြင်ပိုင်း Design ကို ပျော့ပြောင်းပြီး အဆင်ပြေပြေ ဝတ်ဆင်နိုင်မည့် ဖိနပ်လေးဖြစ်ပါတယ်ခင်ဗျာ။ လမ်းလျောက်သည့်အချိန်တွင် သက်သောင့်သက်သာနှင့်အဆင်ပြေပြေစီးနိုင်မှာဖြစ်သည့်အပြင် အတွင်းဘက် ခြေထောက်ကိုလည်း နာကျင်မှုမရှိစေရန်အတွက် နှုးညံ့သော အသားကိုထည့်သွင်းချုပ်လုပ်ပေးထားပါတယ်ခင်ဗျာ။ ထိပ်ဦးပိုင်းကိုလည်း အမာပုံစံနှင့်ပြုလုပ်ပေးထားသည့်အတွက် အလွယ်တကူပြတ်စီးခြင်းလည်း ရှိမှာမဟုတ်သလို Design အနေနှင့်လည်း ပိုမိုလှပသွားစေမှာဖြစ်ပါတယ်။ အောက်ဖက်ကိုလည်းခြေချော်ခြင်းမရှိစေရန်အတွက် အကောင်းဆုံး Design နှင့်ပြုလုပ်ပေးထားသဖြင့် လမ်းလျောက်သည်ဖြစ်စေ၊ ပြေးသည်ဖြစ်စေ အဆင်ပြေပြေနှင့် သက်သောင့်သက်သာပြုလုပ်နိုင်မှာဘဲဖြစ်ပါတယ်ခင်ဗျာ။ ချုပ်ရိုးချုပ်သားကိုလည်း စိတ်ချယုံကြည်ရစေရန်အတွက် အကောင်းဆုံးနှင့်အခိုင်မာဆုံး ပြုလုပ်ပေးထားပြီး ခြေထောက်ကိုအတွင်းတွင် အေးမြခြောက်သွေ့နေစေရန်အတွက် လေဝင်လေထွက်ကောင်းမွန်စေရန်အတွက် ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာ။  အရောင်ကိုတော့ အမဲရောင်ကို အဓိကထားပြီး ပြုလုပ်ထားပြီး လိုက်ဖက်စေရန်အတွက် အဖြူရောင်လေးကိုပါ အလှအနေနှင့် ထည့်သွင်းပေးထားပါတယ်ခင်ဗျာ။ Adidas    super star ဖိနပ်နဲ့ဆိုရင်တော့ သက်သောက်သက်သာ၊ ပေါ့ပေါ့ပါးပါးနဲ့ Style ကျကျ ယုံကြည်မှုရှိအပြည့် ရှိတဲ့ ခြေလှမ်းတိုင်းကို လျောက်လှမ်းနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

Customer Reviews

သင့်သုံးသပ်ချက်ရေးရန်အတွက် 365myanmar.com တွင် register လုပ်ပေးရန်လိုအပ်ပါသည်။