Tagu Scarf (Bagan)
- Material: Silk Satin
- Size: 100cm x 100cm
အသေးစိတ်အချက်အလက်များ
Tagu Scarf (Bagan)
အမျိုးသမီးလေးများအတွက် စတိုင်လ်ကျကျလန်းနေစေဖို့ ချစ်စဖွယ်ရိုးရာအဆင်ဒီဇိုင်းများဖြင့် ပုံဖော်ထားတဲ့ ပုဝါလေးတွေ ဖြစ်ပါတယ်။ ဆန်းသစ်သော ရိုးရာအဆင်ဒီဇိုင်းပုဝါလေးကို ခန္ဓာကိုယ်နှင့် လည်ပင်းတို့တွင် ခြုံလွှမ်းထားတဲ့ သင့်ရဲ့ဖက်ရှင်က လူအများကြားမှာ ဆန်းသစ်တဲ့ အမြင်တစ်မျိုးနဲ့ ဆွဲဆောင်မှု ရှိနေစေမှာ ဖြစ်ပါတယ်။ ဒီပုဝါလေးမှာတော့ ရှေးခေတ်ပုဂံကို ရောက်ရှိသွားသလို ခံစားမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ရှေးခေတ်ပုဂံသူ၊ ပုဂံသားများနှင့် စေတီပုထိုးများကို ထင်သာမြင်သာရှိအောင် ပုံဖော်ပေးထားတဲ့ ရိုးရာအဆင်ဒီဇိုင်း ပုဝါလေး ဖြစ်ပါတယ်။ ကိုယ်ရဲ့ ချစ်သူခင်သူများနှင့် သူငယ်ချင်း မိတ်ဆွေများကို အမှတ်တရလက်ဆောင်အဖြစ်ပေးရန်လည်း အထူးသင့်တော်တဲ့ ရိုးရာအဆင်ဒီဇိုင်းပုဝါလေးများ ဖြစ်ပါတယ်။