Smart Natural Face and body Scrub
- အပေါ်ယံအရေပြားမှာရှိတဲ့ ချေးများ အိုမင်းရင့်ရော်နေသော ဆဲလ်သေများကို ဖယ်ရှားပေးခြင်း
- အရေပြားမှ လိုအပ်သော အာဟာရကို အလွယ်တကူ စုပ်ယူနိုင်ခြင်း
- စိုပြေ ဝင်းပ၍ ကျန်းမာသောအသားအရေကို ရရှိစေခြင်း
- ကော်ဖီ စစ်စစ်၊ သဘာဝ မန်ကျည်းသီး အနှစ်၊ ပျားရည် စစ်စစ်
- သံလွင်ဆီ အစစ်၊ ရှားစောင်းလက်ပတ် အနှစ်၊ သံပုရာသီးရဲ့ အဆီအနှစ်၊ သခွားသီးရဲ့ အဆီအနှစ် တို့ကို အချိုးညီစွာ ပေါင်းစပ်ထားခြင်း
- အမဲစက် ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ် တင်းတိပ်တို့ကို အမြန်ဆုံးပျောက်ကင်းစေခြင်း
အသေးစိတ်အချက်အလက်များ
Smart Natural Face and body Scrub
မြန်မာတို့ရဲ့ မီးဖိုချောင်မှ အသုံးပြုရရှိတဲ့ သဘာဝ သစ်ဥသစ်ဖုများဖြင့် ပေါင်းစပ်ဖော်ထုပ်ထားတာကြောင့် ဆယ်ကျော်သက်အသားအရေများလို ပြန်လည်မွေးဖွားပေးမယ့် Smart ရဲ့ Natural Face Scrub လေးဟာဆိုရင်ဖြင့် အပေါ်ယံအရေပြားမှာရှိတဲ့ ချေးများ အိုမင်းရင့်ရော်နေသော ဆဲလ်သေများကို ဖယ်ရှားပေးသည့်အတွက် မွှေးညှင်းပေါက်ကလေးများကို ပွင့်စေပြီး Skin Care Product များကို သုံးသည့်အခါ အရေပြားထဲ ပိုမိုစိမ့်ဝင်သွားပြီး အရေပြားမှ လိုအပ်သော အာဟာရကို အလွယ်တကူ စုပ်ယူနိုင်သဖြင့် စိုပြေ ဝင်းပ၍ ကျန်းမာသောအသားအရေကို ရရှိစေပါတယ်ရှင်။ ဆဲလ်သေများကို ဖယ်ရှားပေးသည့်အပြင် ဆဲလ်သစ်တွေကို မွေးဖွားပေးပြီး အသားအရေကို ပေါင်းတင်ပေးတဲ့ ထူးခြားချက်နဲ့ ပြည့်စုံလို့ သုံးစွဲသူတိုင်း အကြိုက်တွေ့နေကြပါတယ်ရှင်။ ပါဝင်ဖော်စပ်ထားတဲ့ သဘာဝပစ္စည်းစစ်စစ်တွေကတော့ ….. ကော်ဖီ စစ်စစ်၊ သဘာဝ မန်ကျည်းသီး အနှစ်၊ ပျားရည် စစ်စစ်၊ သံလွင်ဆီ အစစ်၊ ရှားစောင်းလက်ပတ် အနှစ်၊ သံပုရာသီးရဲ့ အဆီအနှစ်၊ သခွားသီးရဲ့ အဆီအနှစ် တို့ကို အချိုးညီစွာ ပေါင်းစပ်ထားသော သဘာဝစစ်စစ် Scrub ရရှလာမှာဘဲဖြစ်ပါတယ်ရှင်။ အမဲစက် ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ် တင်းတိပ်တို့ကို အမြန်ဆုံးပျောက်ကင်းစေပါတယ်ရှင်။
အသုံးပြုပုံကတော့ …….. မျက်လုံးနှင့် နှုတ်ခမ်းတစ်ဝိုက် ချန်လှပ်ပြီး ထူထူလေး ပေါင်းတင်ပါ နာရီဝက် တစ်နာရီခန့် ထားပြီး ရေဆေးချနိုင်ပါပြီ ပြီးလျှင် Smart Soap ဖြင့် တိုက်ပြီး ရေချိုးချလိုက်သည်နှင့် တပြိုင်နက် အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသော နူးညံ့ ဖြူဖွေး ဝင်းမွတ်သည့် အသားအရေကို အံ့အားသင့်စွာ ပိုင်ဆိုင်နိုင်ပါပြီရှင်…….
တစ်ပတ်လျှင် နှစ်ကြိမ် အသုံးပြုပေးပါ။ ပျက်ဆီးမှုများသော အသားအရေပိုင်ရှင်များ တစ်ရက်ခြား တစ်ခါ အသုံးပြုနိုင်ပါတယ်ရှင်။ Chemical မပါ၍ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ သဘာဝ အသီးများ၏ အဆီအနှစ်များဖြင့် ပြုလုပ်ထားသည့်အပြင် ကြာရှည်ခံဆေး မထည့်ထားသောကြောင့် အရိပ်ရ၍အေးသော နေရာတွင်ထားပါ။ ရေခဲသေတ္တာတွင် ထားရှိခြင်းဖြင့် ပို၍ သင့်တော်ပါတယ်ရှင်။ လက်ရှိ သုံးစွဲနေသော Skin Care များ ဆက်လက်သုံးစွဲနိုင်ပါတယ်ရှင်။