Sim4crew Sim Card

27,000 ကျပ်

Sim4crew Sim Card

  • သင်္ဘောသားများအတွက် တစ်ကမ္ဘာလုံးတွင် သုံးနိုင်သော Sim ကဒ်
  • 171 နိုင်ငံတွင် အသုံးပြုနိုင်ခြင်း
  • အင်တာနက်သုံးခြင်း၊ ဖုန်းဆက်ခြင်းနှင့် SMS မက်ဆေ့ဂ်ျများ ပို့ခြင်းတို့ကို ဆောင်ရွက်နိုင်ခြင်း
  • ကဒ်အတွင်းတွင် $10 ပါဝင်ခြင်း
  • ပုံမှန်ငွေဖြည့်သွင်းမှုများကို သင့် Sim ကဒ်ထဲဖြည့်သွင်းပြီးနောက် 2 နှစ်အထိ သုံးစွဲနိုင်ခြင်း

 

ကုန်ပစ္စည်းအလေးချိန် : 300 g

အရွယ်အစား

Sim Card

အမျိုးအစား

အသေးစိတ်အချက်အလက်များ

Sim4crew Sim Card

Sim4crew ကတော့ သင်္ဘောသားများအတွက် တစ်ကမ္ဘာလုံးတွင် သုံးနိုင်သော Sim ကဒ်ဖြစ်ပါတယ်။ 171 နိုင်ငံတွင် အသုံးပြုနိုင်သည့်အတွက် ဒေသခံ Sim ကဒ် တစ်ခု ထပ်ဝယ်စရာ မလိုတော့ပါဘူး။ Sim4crew ကို သုံးပြီး အင်တာနက်သုံးခြင်း၊ ဖုန်းဆက်ခြင်းနှင့် SMS မက်ဆေ့ဂ်ျများ ပို့ခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။ ဒါအပြင့် Facebook, Whatsapp, Wechat, Youtube, Skype စသည့်တိုကိုလည်း အသုံးပြုနိုင်ပါတယ်။ Sim4crew Sim ကဒ်ကို မြေပြင်အော်ပရေတာထံမှ အချက်ပြလှိုင်း ရရှိရန် လိုပါတယ်။ ကုန်းမြေနှင့် နီးမှသာ ကွန်ရက်ချိတ်ဆက်နိုင်မှာ ဖြစ်ပြီး ပင်လယ်သမုဒ္ဒရာထဲ ကုန်းမြေမှ ဝေးရာရောက်နေပါက Sim4crew ကို သုံးလို့ မရနိုင်ပါဘူးရှင်။ Sim4crew Sim Card တွင် ဝယ်ယူပြီးပြီးချင်း အသုံးပြုနိုင်ရန်အတွက် $10 ပါရှိပါတယ်။ ဖုန်းခေါ်ဆိုခြင်းနှင့် SMS ပေးပို့ခြင်းတို့ကို ပုံမှန်အားဖြင့် သင်ခေါ်လိုသော နံပါတ်ကို နိုင်ငံကုဒ်နှင့် အတူ ပေးပို့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ UK နိုင်ငံသို့ခေါ်သည့် ကုန်ကျစရိတ်အတိုင်း ဒေသခံ ဖုန်းအော်ပရေတာက ကောက်ခံသွားမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ Sim4crew နံပါတ်သည် +44 ဖြင့် စသော UK နံပါတ် ဖြစ်လို့ပါ။

Sim4crew ကို မိုဘိုင်းဖုန်းများ၊ တက်ဘလက်များ၊ USB မိုဒမ်များနှင့် Hotspot များ အားလုံးတွင် သုံးနိုင်ပါတယ်။ ကြိုတင်မှတ်ပုံတင်ထားပြီးသား ဖြစ်လို့ ဖုန်းဆက်ခြင်း (သို့) အင်တာနက်သုံးခြင်းတို့ကို ချက်ချင် လုပ်ဆောင်နိုင်ပါတယ်။ ဒီ Sim4crew ကို သင်နှစ်သက်သည့်အချိန်တွင် ငွေဖြည့်သွင်းနိုင်ပြီး ပုံသေနှုန်းထား (သို့) လက်ကျန်ငွေ ထားရှိပေးထားရန်လည်း မလိုပါဘူး။

ပုံမှန်ငွေဖြည့်သွင်းမှုများကို သင့် Sim ကဒ်ထဲဖြည့်သွင်းပြီးနောက် 2 နှစ်အထိ သုံးစွဲနိုင်ပါတယ်။ အင်တာနက်သုံးစွဲမှု အစီအစဉ်များကို သင့် Sim ကဒ်ထဲဖြည့်သွင်းပြီးနောက် 45 ရက်အထိ သုံးစွဲနိုင်ပါတယ်။ Sim ကဒ် ငွေဖြည့်သွင်းမှုများကိုလည်း ကိုယ်စားလှယ်ကွန်ရက်မှ ဝယ်ယူနိုင်ပြီး ဝဘ်ဆိုက်တွင် ခရက်ဒစ်ကဒ်၊ Paypal သို့မဟုတ် Alipay တို့ဖြင့် တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ပါတယ်။

Sim4crew မှာ ဘယ်နေရာရောက်ရောက် သင့်တော်သော ကွန်ရက်ကို အလိုအလျောက် ရှာဖွေ ချိတ်ဆက်ရန် ပရိုဂရမ်ထည့်ပေးထားပါတယ်။ အလိုအလျောက် မချိတ်ဆက်ပါက ဖုန်း Setting ထဲက APN အမည်ကို ပြောင်းလဲရန် လိုပါတယ်။ သင့် APN အမည်သည် အမြဲတမ်း Globaldata ရှိနေရမှာ ဖြစ်ပါတယ်။

သင့်ရဲ့ Sim4crew နံပါတ်ကို သိချင်တယ်ဆိုရင်တော့ *133 သို့ခေါ်ဆိုခြင်းဖြင့် သိရှိနိုင်စေမှာ ဖြစ်ပါတယ်။ အင်တာနက် အစီအစဉ်မှ လက်ကျန် မီဂါဘိုက်ကို သိချင်တယ်ဆိုရင်တော့ သင့်ရဲ့ နံပါတ်ကို Sim4crew ဝဘ်ဆိုက်တွင် ဖြည့်ပြီး သင့်အင်တာနက် အစီအစဉ်မှ လက်ကျန်မီဂါဘိုက်ကို သိနိုင်ပါတယ်။

Sim4crew Sim Card သည် ကွန်ရက်တစ်ခုကို အလိုအလျောက် မချိတ်ဆက်ပါက သင်ကိုယ်တိုင် ချိတ်ဆက်ကြည့်နိုင်ရန်အတွက် အဆင့်လေးများကို ဖော်ပြပေးထားပါတယ်။

iPhone အတွက်

အဆင့်1။ Settings ကိုသွားပါ

အဆင့်2။ Carrier ကိုရွေးပါ

အဆင့်3။ Automatic OFF ပြောင်းပါ

အဆင့်4။ ကွန်ရက်စာရင်း တက်လာသည်နှင့် ကျွန်ုပ်တို့ပံ့ပိုးသော ကွန်ရက်များထဲမှ တစ်ခုခုကိုရွေးပါ။

အခြားမိုဘိုင်းဖုန်းများအတွက်-

အဆင့်1။ ဖုန်း Settings ကိုသွားပါ

အဆင့်2။ Mobile Networks (သို့) More Settings ကိုသွားပါ

အဆင့်3။ Network Operators ကိုရှာပါ

အဆင့်4။ ကွန်ရက်များကို ရှာပါ

အဆင့်5။ ကွန်ရက်စာရင်း တက်လာသည်နှင့် ကျွန်ုပ်တို့ပံ့ပိုးသော ကွန်ရက်များထဲမှ တစ်ခုခုကိုရွေးပါ။

 

Customer Reviews

သင့်သုံးသပ်ချက်ရေးရန်အတွက် 365myanmar.com တွင် register လုပ်ပေးရန်လိုအပ်ပါသည်။