အသေးစိတ်အချက်အလက်များ
ကော်ဖီဖျော်စက် နှင့် ပေါင်မုန့် မီးကင်စက် တွဲလျှက်ရှိသော ၂ မျိုးတွဲ စက်ဖြစ်ပါတယ်။ သင့် မနက်တာမှာ ဦးနှောက်ရော ဝမ်းဗိုက်ပါ တပြိုင်တည်း နိုးထနိုင်ဖို့ အတွက် ပေါင်မုန့် ၂ ချပ်ကင်ရင်း ကော်ဖီတခွက်ကို ကောင်းကောင်းနှပ်နိုင်မယ့် စက်ကလေးပဲဖြစ်ပါတယ်။ ကော်ဖီ သီးသန့် ဖျော်ခြင်း ပေါင်မုန့် မီးကင်ခြင်း များ သာ ပြုလုပ်လိုသူများအတွက် အဆင်ပြေစေရန် သီးသန့် အပူချိန်ထိန်း ခလုတ် ၂ ခု ထည့်သွင့်ပေးထားလို့  တမျိုးစီလဲ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ကော်ဖီမှုန့် စစ် ဆန်ကာမှာ တခါသုံး စက္ကူ ဆန်ကာမျိုး မဟုတ်ပဲ တာရှည်ခံ အဆင့်မြင့် ပလပ်စတစ် ဆန်ကာမို့ ရေရှည် အသုံးပြုနိုင်ပြီး ဆေးကြောရလွယ်ကူသည့်အပြင် အမြဲ ဝယ်ရမည့် စက္ကူ ဆန်ကာဖိုးရော စက္ကူဆန်ကာ ပြုလုပ်ရန် သစ်ပင်များကို ပါ သက်သာရာ ရမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကော်ဖီ ကြွေခွက်
- ကော်ဖီ နှင့် ပေါင်မုန့် မီကင်စက်
- ကော်ဖီ မှုန့် စစ် စက်
- အသုံးပြုနည်း နှင့် အာမခံ ကဒ်ပြား
အာမခံ ၁ နှစ် ပါဝင်ပါသည်။