OTTO Convection Oven CO703A

by OTTO
46,000 ကျပ်

အကြောင်းအရာ
- မိနစ် ၆၀ အထိ အချိန်သတ်မှတ်ပေးခြင်း
- အမြင့်ဆုံး အပူချိန်: ၂၂၀ ဒီဂရီ စင်တီဂရိတ်
- အဆင့်မြင်လုံခြုံ စိတ်ချရသော ဖန်သား ၂ ထပ် နှင့် အပူခံပလတ်စတစ် ကိုယ်ထည်
- အပူချိန် အညွှန်းပြ မီးအလင်း
- လုံခြုံစိတ်ချမှု့ ရှိစေရန် အထိန်း 
- ၁၂ လီတာရှိ အစားအသောက်များ ချက်နိုင်ခြင်း
- Power 1300W 200V 50Hz

ကုန်ပစ္စည်းအလေးချိန် : 4000 g

အရွယ်အစား

12 Litre

ကုန်ပစ္စည်းအရောင်

အသေးစိတ်အချက်အလက်များ

သင်နှစ်သက်သော ဘဲကင်၊ ကြက်ပေါင်း နဲ့ ကိတ်မုန့် များကို လျှင်မြန် လွယ်ကူစွာ ပြုလုပ်နိုင်မယ့် OTTO Convection Oven CO 703A နဲ့မိတ်ဆက်ပေးပါရစေ။ အသား ငါးများ အား ကင်ခြင်း၊ မုန့် ဖုတ်ခြင်း၊ ဟင်းနွေးခြင်း တို့ နှင့်ပတ်သက်၍ မိမိနှစ်သက်ရာ ကို လွယ်ကူစွာ ပြုလုပ်နိုင်သော ၁၂ လီတာဆန့်  မီးဖိုလေးပဲဖြစ်ပါတယ်။ အရည်အသွေးမြင့် အပူခံဖန်အိုးဖြစ်သောကြောင့် အပူချိန်ကို လိုသလိုအနိမ့်အမြင့် ပြုလုပ်နိုင်ပြီး Fan စနစ် ပါရှိသောကြောင့် အပူချိန်ကို ညီညာစွာ ဖြန့် ကျက်နိုင်ပါတယ်။ သင့်ဘဲကင် ကြက်ကင်များ တခြမ်းတျက်ပြီး တခြား အစိမ်း ဖြစ်နေမှာ မပူရတော့ဘူးပေါ့။ မီးညီညီနဲ့ မွှေးပျံတဲ့ ဆနွင်းမကင်း ကောက်ညှင်းရွှေကြည်များလဲ ဖုတ်နိုင်တာမို့ အလွန် အဆင်ပြေစေမယ့် မီးဖိုလေးပဲဖြစ်ပါတယ်။ Timmer စနစ် ပါရှိလို့ မိနစ် ၆၀ အထိ မိမိလိုရာ ဟင်းလျာများကို အချိန်သတ်မှတ်ပြီး ချက်ပြုတ်နိုင်ပါတယ်။ တူးသွားမှာ အပူချိန်လွန်သွားမှာ အနူးလွန်သွားမှာတို့ မပူရတော့ဘူးပေါ့။ အသုံးပြု ရလွယ်ကူပြီး အရည်အသွေး မြင့် ပစ္စည်းများနဲ့ ပြုလုပ်ထားလို့  အိမ်ရှင်မများအတွက် အလွန် အသုံးဝင်ပြီး မရှိမဖြစ်  Convection Oven လေး တလုံးပဲဖြစ်ပါတယ်။ 

 

Customer Reviews

သင့်သုံးသပ်ချက်ရေးရန်အတွက် 365myanmar.com တွင် register လုပ်ပေးရန်လိုအပ်ပါသည်။