Nagar Pyan Green Tea – (50 Envelope Bags)

5,800 ကျပ်

Nagar Pyan Green Tea – (50 Envelope Bags)

  • အရည်အသွေးကောင်းမွန်သော လက်ဖက်ခြောက်၏ ထူးခြားသောရနံ့
  • သဘာဝအရောင်အဆင်း
  • ဖန်ချိုအရသာ စသည့် ကောင်းမွန်သော အချက်အလက်များနှင့် ပြည့်စုံခြင်း

ကုန်ပစ္စည်းအလေးချိန် : 150 g

အရွယ်အစား

50 Envelope Bags

အမျိုးအစား

အသေးစိတ်အချက်အလက်များ

Nagar Pyan Green Tea – (50 Envelope Bags)

မြန်မာနိုင်ငံ၏ အကောင်းဆုံးလက်ဖက်စိုက်ခင်းများ တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းကုန်းမြင့်ဒေသမှ လက်ဖက်ရွက်နုများကို အသုံးပြုပြီး ခေတ်မီစက်များဖြင့် Good Manufacturing Practice (GMP) နည်းစဉ်နှင့် အညီ အရည်အသွေးမြင့်စွာ Green Tea ကို ထုတ်လုပ်ထားပါတယ်။ နိုင်ငံတကာအဆင့်မီ ထုတ်ပိုးမှုစနစ်ဖြင့် ထုတ်လုပ်ထားသည့် Green Tea Envelope Tea Bag များသည် ပါဝင်သော လက်ဖက်ခြောက်၏ အရည်အသွေးနှင့် အနံ့အရသာကို တာရှည် ထိန်းသိမ်းထားနိုင်ခြင်း၊ ရေငွေ့ပြန်မှု အနည်းဆုံးဖြစ်အောင် ကာကွယ်နိုင်ခြင်း၊ အသုံးပြုရန် လွယ်ကူခြင်း၊ သယ်ဆောင်ရလွယ်ကူခြင်း စသည့် စားသုံးသူအဆင်ပြေချောမွေ့စေသော အချက်များနှင့် ပြည့်စုံပါတယ်။ Envelope အိတ်၏ အတွင်းဘက်တွင် Metallised အလွှာတစ်လွှာဖြင့် စီမံဖုံးအုပ်ထားပြီး Tea Bag တွင် အသုံးပြုထားသော စက္ကူသားမှာလည်း Germany နိုင်ငံ Dynapore မှ American FDA အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် Food Grade Tea/ Coffee Filter Paper ဖြင့်ပြုလုပ်ထားပါတယ်။ Tea Bag တစ်ထုပ်တွင် Green Tea (၂) ဂရမ် ပါရှိပြီး အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် GMP နည်းစဉ် အတိုင်း စနစ်တကျ ထုပ်ပိုးထားပါတယ်။

အနံ့၊ အရသာ

  • အရည်အသွေးကောင်းမွန်သော လက်ဖက်ခြောက်၏ ထူးခြားသောရနံ့
  • စိမ်းဝါရောင်ဖန့်ဖန့် သဘာဝအရောင်အဆင်း
  • ဖန်ချိုအရသာ စသည့် ကောင်းမွန်သော အချက်အလက်များနှင့် ပြည့်စုံပါတယ်

အနံအရသာနှင့် ပြည့်စုံသော တစ်ခါသုံး (Green Tea) လက်ဖက်ခြောက်ထုပ် အသုံးပြုပုံ

  • Green Tea – Tea Bag တစ်ထုပ်ကို ခွက်ထဲသို့ထည့်ပါ
  • ရေနွေးပွက်ပွက်ဆူ (250ml) လောင်းထည့်ပါ
  • (၂) မိနစ်မှ (၃) မိနစ် အထိ ထားပြီးလျှင် အနံ့၊ အရသာနှင့် ပြည့်စုံသော Green Tea ကို သောက်သုံးနိုင်ပါပြီ

 

Customer Reviews

သင့်သုံးသပ်ချက်ရေးရန်အတွက် 365myanmar.com တွင် register လုပ်ပေးရန်လိုအပ်ပါသည်။