Exclusiva Myanmar Sugar Wax (Eucalyptus) 80g

13,500 ကျပ်

Exclusiva Myanmar Sugar Wax (Eucalyptus)

  • သကြားကို အခြေခံပြီး သဘာဝပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း
  • Chemical လုံးဝမပါဝင်ဘဲ စားလို့ပါရတဲ့အတွက် စိတ်ချအသုံးပြုနိုင် (Organic Product)
  • Wax ဗူးစဖွင့်သည့်နေ့မှ ၅ နှစ်အထိအသုံးပြုနိုင်၊ wax sheets များကိုလည်း လျှော်ပီးပြန်အသုံးပြုနိုင်
  • Dead Cell တွေပါ ဖယ်ပေးတာမို့ အသားအရေကို ဖြူဝင်းကြည်လင်စေခြင်း
  • လိမ္မော် ၊ ချယ်ရီ ၊ ယူကလစ် ၊ စပယ် ရနံ့လေးတွေရှိတာမို့ နှစ်သက်ရာရနံ့လေး ရွေးချယ်အသုံးပြုနိုင်ခြင်း
  • Wax sheet 5 ရွက်ပါရှိခြင်း

ကုန်ပစ္စည်းအလေးချိန် : 200 g

အရွယ်အစား

220g 80g

အမျိုးအစား

အသေးစိတ်အချက်အလက်များ

Exclusiva Myanmar Sugar Wax (Eucalyptus)

မလိုအပ်တဲ့အမွှေးအမျှင်တွေကို မနာမကျင်ဖယ်ရှားချင်တဲ့ချစ်တို့အတွက် Quality ကောင်းပြီး ကိုယ်တိုင် Waxing လုပ်ရတာအဆင်ပြေတဲ့ Sugar Wax လေးနဲ့မိတ်ဆက်ပေးမယ်နော်

Sugar Wax ဆိုတာ
• Chemical လုံးဝမပါဝင်ဘဲ စားလို့ပါရတဲ့အတွက် စိတ်ချအသုံးပြုနိုင် (Organic Product)
• လိမ္မော် ၊ ချယ်ရီ ၊ ယူကလစ် ၊ စပယ် ရနံ့လေးတွေရှိတာမို့ နှစ်သက်ရာရနံ့လေး ရွေးချယ်အသုံးပြုနိုင်
• အသုံးပြုရလွယ်ကူမြန်ဆန်ပြီး အမွှေးအမျှင်များကို အမြစ်မှ ဖယ်ရှားပေးတာမို့ အသုံးပြုပြီး၂ပါတ်ကနေ ၃ပါတ်ထိ ပြန်မပေါက်နိုင်၊ ပြန်ပေါက်ချိန်လည်း အမွှေးနုဘဲပေါက်ပြီး ပုံမှန်အသုံးပြုပေးမယ်ဆို အမွှေးထွက်နှုန်းကို လျော့ချပေးနိုင်
• Wax ဗူးစဖွင့်သည့်နေ့မှ ၅ နှစ်အထိအသုံးပြုနိုင်၊ wax sheets များကိုလည်း လျှော်ပီးပြန်အသုံးပြုနိုင်
• Dead Cell တွေပါ ဖယ်ပေးတာမို့ အသားအရေကို ဖြူဝင်းကြည်လင်စေပါတယ်။

Waxing လုပ်တော့မယ်ဆိုရင်
၁။ Waxing လုပ်မည့်နေရာကို ခြောက်သွေ့အောင် သန့်စင်ပေးရပါမယ်။ Lotion လိမ်းထားခဲ့လျှင် ရေနွေးဝတ်နဲ့သုတ်ပေးပီးနောက် အဝတ်ခြောက်ဖြင့် ပြန်သုတ်ပေးရပါမယ်။
၂။ Spread-Press-Pull နည်းအတိုင်း ဦးစွာအမွှေး direction အတိုင်း wax အနည်းငယ်ကို waxing လုပ်မယ့်နေရာမှာ လိမ်းပေးရပါမယ်။
၃။ ပြီးနောက် wax sheet ကိုဖိကပ်ပေးပြီး Waxing လုပ်မယ့်နေရာအနီးကို တစ်ဖက်လက်ဖြင့်အသားအရေတင်းစေရန်ဆွဲပေးပီး ကျန်တစ်ဖက်ဖြင့်အမွှေးပေါက်ရာ direction နဲ့ဆန့်ကျင်ဘက်ကို ဆွဲခွာပေးရပါမယ်။
၎။ ကျန်နေသောအမွှေးအမျှင်များကိုလည်း wax sheet တွင်ရှိနေသော wax များဖြင့်နောက်ထပ် Press-Pull နည်းအတိုင်းအသုံးပြုပေးရုံဖြင့်ကြည့်ရဆိုးတဲ့ အမွှေးအမျှင်တွေကို အချိန်မကုန် လူမပင်ပန်းဘဲ အိမ်မှာပဲကိုယ်တိုင်ဖယ်ရှားနိုင်ပီနော်ချစ်တို့။ အသုံးပြုပီး ရေနွေးဝတ်လေးနဲ့သုတ်ပေးပြီး အဝတ်ခြောက်ဖြင့်ပြန်သုတ်ပေးနော်။ Aloe Vera Gel လိမ်းပေးမယ်ဆို အသားအရေအစိုဓါတ်ကိုအားဖြည့်ပေးပါတယ်။

Waxing မလုပ်ခင်ဆို
• Waxing လုပ်မယ့်အမွှေးအရှည်သည် 0.5 - 1 cm ရှိဖို့လိုပါတယ်။
• အရေပြားယားယံနေချိန်၊ အသားအရေပျက်စီးနေချိန် များတွင် အသုံးမပြုသင့်ပါ။
• wax များ ရာသီဥတုအပြောင်းအလဲကြောင့် ခဲနေခဲ့လျှင် wax ဗူးကို မီးအပူပေးပြီး အသုံးမပြုပါနှင့်။ ရေနွေးခွက်ထဲသို့ ဗူးလေးကိုခဏစိမ်ထားပေးပါ။
• Waxing လုပ်ပြီးနောက် အသားအရေတင်းရင်းခြင်း၊ အနီစက်ငယ်လေးများအနည်းငယ်ထွက်လာတတ်ပါက စိုးရိမ်စရာမရှိပါ။ ၂၄ နာရီအတွင်း အလိုအလျောက် ပျောက်သွားပါလိမ့်မည်။
• Waxing လုပ်ပီး ၂၄ နာရီအတွင်းအရက်ပြန်၊ Lotion လိမ်းခြင်း၊ နေပုဆာလှုံခြင်းတို့ကို မပြုလုပ်ပါနှင့်။ Dead Cell တွေဖယ်ထားတာမို့ Baby Skin ကဲ့သို့ အသားအရေနုညံ့နေချိန်မို့ပါ။
• အသုံးပြုပီး Wax ဗူးနှုတ်ခမ်းသားများကို ရေနွေးအဝတ် ဖြင့် သုတ်ပေးပြီး သန့်စင်ပေးမယ်ဆို နောက်တကြိမ် wax ဗုးဖွင့်ရလွယ်ကူပြီး ပုရွက်ဆိတ်အန္တရာယ်မှလည်း ကင်းဝေးစေမှာပါ။
• အသုံးပြုပီးသား Wax Sheets များကိုလည်း လွှင့်ပစ်ခြင်းမပြုဘဲ ရေနွေးထဲတွင်စိမ်ပြီး အမွှေးအမျှင် များကို ဖယ်ရှားပေးပြီး အခြောက်လှမ်းကာ ပြန်လည် အသုံးပြုနိုင်ပါတယ်။

Customer Reviews

သင့်သုံးသပ်ချက်ရေးရန်အတွက် 365myanmar.com တွင် register လုပ်ပေးရန်လိုအပ်ပါသည်။