Converse All Star boost
- လွတ်လပ်ပေါ့ပါးမှုအပြည့်နှင့် Style ကျခြင်း။
- အရည်အသွေးစိတ်ချယုံကြည်ရခြင်း။
- ခိုင်မာပြီး သက်သောင့်သက်သာရှိသည်။
အသေးစိတ်အချက်အလက်များ
Converse All Star boost
Converse All Star ဖိနပ်လေးက လူငယ်များအတွက် လွတ်လွတ်လပ်လပ်နှင့် Style ကျကျနှင့်ဝတ်ဆင်နိုင်မည့် ဖိနပ်လေးဖြစ်ပါတယ်ခင်ဗျာ။ ဖိနပ်ခေါင်းလေးကို အမာသားနှင့်ပြုလုပ်ထားပြီး ချုပ်ရိုး၊ ချုပ်သားကိုလည်းကောင်းမွန်ခိုင်မာစေရန်အတွက်ပြုလုပ်ပေးထားသဖြင့် အလွယ်တကူပြတ်စီးခြင်းလည်းကင်းဝေးစေမှာဖြစ်ပါတယ်ခင်ဗျာ။ အသုံးပြုထားသည့် material များကလည်း ပေါ့ပါးပြီး ခိုင်မာသည့် ပစ္စည်းများဖြစ်သဖြင့် ဝတ်ဆင်သည့်အချိန်တွင် ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်မှာဖြစ်ပြီး အကြမ်းလဲခံနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ ကိုယ်ထည်ကိုလည်း လေဝင်လေထွက်ကောင်းမွန်စေရန်ပြုလုပ်ပေးထားသဖြင့် ခြေထောက်ကို အေးမြခြောက်သွေ့စေပြီး အဆင်ပြေပြေနှင့် ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ ခြေထောက်နာကျင်မှုမရှိစေရန်အတွက် အတွင်းသားကိုလည်း နှုးညံ့သည့် အသားကို အသုံးပြုပေးထားပါတယ်ခင်ဗျာ။ ဖိနပ်အောက်ခံပြားလေးကိုလည်း ခြေချော်ခြင်းများမဖြစ်စေရန်အတွက် အကောင်းဆုံး Design နှင့် ပြုလုပ်ပေးထားပါတယ်ခင်ဗျာ။ အရောင်ကိုတော့ အပေါ်ဘက်တွင် အပြာရောင်နှင့် ပြုလုပ်ပေးထားပြီး အောက်ဘက်တွင် အဖြူရောင်လေးနှင့် ပြန်လည်ပြုလုပ်ပေးထားသဖြင့် လူငယ်ကြိုက် ပုံစံ လေးဖြစ်ပါတယ်ခင်ဗျာ။ Converse All Star ဖိနပ်နဲ့ဆိုရင်တော့ သက်သောက်သက်သာ၊ ပေါ့ပေါ့ပါးပါးနဲ့ Style ကျကျ ယုံကြည်မှုရှိအပြည့် ရှိတဲ့ ခြေလှမ်းတိုင်းကို လျောက်လှမ်းနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။