ChatSim Sim Card

by ChatSim
68,000 ကျပ်

ChatSim

  • စာတိုပေးပို့ခြင်းကို အကန့်အသတ်မရှိ ပေးပို့နိုင်ခြင်း
  • နိုင်ငံပေါင်း ၁၅၀ ကျော်တွင် အသုံးပြုနိုင်ခြင်း

 

ကုန်ပစ္စည်းအလေးချိန် : 300 g

အရွယ်အစား

Sim Card

အမျိုးအစား

အသေးစိတ်အချက်အလက်များ

ChatSim

chatsim ကတော့ international sim card လေး ဖြစ်ပါတယ်။ 2013 ခုနှစ်ခန့် ကတည်းက အမိနိုင်ငံ အိမ်နဲ့ဝေ ကွာနေတဲ့ သင်္ဘောသားတွေ နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်နေတဲ့ လူတွေကြားမှာ အထူး ခေတ်စားနေတဲ့ sim card ပဲ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၅၀ ကျော်တွင် operator ပေါင်း ၂၅၀ ခန့် ဖြင့် ခိုင်မာစွာရပ်တည် နေတဲ့ chatsim ဟာ ဆိုရင် နိုင်ငံတကာရှိ port တိုင်းမှာ ဖုန်းလိုင်းမိတာနဲ့
Chatting app များဖြစ်တဲ့ Messenger, Wechat, What App, Line အစရှိသည့် chatting app များအသုံး ပြုပြီး မိသားစုနှင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ ChatSim sim card အသုံးပြုခွင့် တစ်နှစ်တာကို $50 သာကျသင့်မည် ဖြစ်ပြီး ထို တစ်နှစ်ပတ်လုံးစာအတွက် textmessage ကတော့ unlimitted ဖြစ်ပါတယ်။ တစ်လကို $5 တောင်မကျလို့ ပိုမို အဆင်ပြေစွာ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ တစ်နှစ်တာသက်တမ်းကုန်သွားလို့ နောက်ထပ်တစ်နှစ် refill ပြုလုပ်လျှင် $20 သာကျသင့်တော့မှာဖြစ်လို့ အရမ်းအဆင်ပြေစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Textmessage Chat အတွက်က unlimited ဖြစ်ပြီး နိုင်ငံပေါင်း 150 မှာ အသုံးပြုနိုင်တယ်ဆိုတော့ ရေခြားမြေခြားမှာ ငွေရှာနေရတဲ့ လူတွေအတွက် တော်တော်လေး အဆင်ပြေစေမှာ ဖြစ်ပါတယ်။ အခြား Data အသုံးပြုမှုအတွက် 75MB ပါရှိပြီး ကျော်လွန်သွားပါက ကဒ်ကို Block လိုက်မှာ ဖြစ်တာကြောင့် Renew ပြန်လုပ်ရပါမှာ ဖြစ်ပါတယ်။ ဒါကြောင့် Chat App မှ Call တွေ video call တွေအသုံးပြုမယ်ဆိုရင်တော့ credit ဝယ်ဖြည့်ပြီးမှ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

ChatSim အသုံးပြုပုံ

  • ပထမဆုံးအသုံးပြုမည့်ကဒ်ကို activate ပြုလုပ်ရမည် (www.chatsim.com ကိုဝင်ပါ)
  • အောက်ဆုံးက activate ကနေဝင်လိုက်ပြီး Chatsim number နှင့် ID number ကို ဖြည့်ပါ။
  • ပြီးနောက် register လုပ်ထားသော user name နှင့် password ကို ဖြည့်ပါ
  • Facebook မှ Chatsim Myanmar page သို့ Chatsim No နှင့် ID No ကို message ပို့ပြီး activate လုပ်နိုင်ပါသည်။
  • Activate လုပ်ပြီးသော ကဒ်များ ထပ်လုပ်ရန်အလိုတော့ပါ

 Phone Setting Preparation –

  • Mobile network မှ APN setting ထဲဝင်ပြီး Access Point Name Add ရန်၊
  • အပေါ်ဆုံးက Name – Chatsim, APN – chatsim ဖြည့်ပြီး ပြန်ထွက်ပါ၊
  • ပြီရင် chatsim ဆိုတဲ့ access point name ကို on ထားပါ၊
  • နောက် Data Roaming ဖွင့်ပြီး mobile data on ပြီး သုံးနိုင်ပါပြီ၊ (Phone setting ကစသုံးသုံးချင်း တစ်ခါပဲ လုပ်စရာ လိုပါတယ်)
  • သတိပြုရမှာကတော့ - ပြောထားတဲ့ application တွေကလွဲလို့ ကျန်တဲ့ Data တက်လာရင် လိုင်းပြုတ်ကျသွားမှာ ဖြစ်ပါတယ် (ဓာတ်ပုံပို့တာတွေ ဖုန်းခေါ်တာတွေလုပ်ရင် လိုင်းကျသွားပါမယ်)
  • Backgroung Data မှ သုံးသော Data 75MB ကျော်လွန်ပါက ကဒ်ကို Block လိုက်သောကြောင့် Renew ပြန်လုပ်ရပါမည်။
  • ကောင်းတာကတော့ recommended မပေးထားတဲ့ application တွေကို ရပ်ထားရင် လိုင်းပြုတ်ကျမှ မဟုတ်သည့်အပြင် တစ်နှစ်စာ unlimited အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
  • (I phone တွေမှာ တစ်ခုချင်းပိတ်လို့ရပါတယ် Android တွေက restrict background data လုပ်ထားရင် ကောင်းပါတယ်)
  • Dual sim တွေမှာဆို mobile data မတက်လာရင် ဘယ်ကဒ်နဲ့ သုံးလဲ သေချာ စစ်ကြည့်ပေးပါ၊

Customer Reviews

သင့်သုံးသပ်ချက်ရေးရန်အတွက် 365myanmar.com တွင် register လုပ်ပေးရန်လိုအပ်ပါသည်။