Cathy Doll Oh! So Clean Makeup Cleansing Oil 100ml
8,900 ကျပ်
☑️ အသားရေ စိုပြေစေခြင်း
================unicode=================
☑️ သဘာဝ သံလွင်ဆီ ဖြင့် ပြုလုပ်ထားခြင်း
☑️ ရေစိုခံ မိတ်ကပ်များကိုပါ အနက်ရှိုင်းဆုံး ဖယ်ရှားပေးနိုင်ခြင်း
☑️ အဆီမှ နို့ရည်ကဲ့သို့ရေဖြင့် ထိရုံဖြင့် ပြောင်းလဲပေးနိုင်ခြင်း
☑️ အသားရေ စိုပြေစေခြင်း
ကုန်ပစ္စည်းအလေးချိန် : 300 g
အရွယ်အစား
100 mL
အမျိုးအစား
အသေးစိတ်အချက်အလက်များ
=====================unicode===============================
သဘာဝ အလှတရားက အတွင်းမှာပဲ ရှိတယ်လို့ဆိုရိုးရှိပါတယ်။ အဲ့ဒီ သဘာဝ အလှတရားဟာ သင်တို့ရဲ့ တနေ့တာ နွယ်နယ်မှု့နဲ့ မိတ်ကပ်အောက်များမှာ ရောက်လို့နေပါတယ်။ သင်တို့ရဲ့ အတွင်းမှာ ကိန်းအောင်းနေတဲ့ သဘာဝ အလှတရားများကို ဖော်ထုတ်ဖို ့Oh So Clean Makeup Cleansing Oil လေးနဲ့မိတ်ဆက်ပေးလိုက်ပါရစေ။ ၁၀၀% အပြည့် သဘာဝသံလွင်ဆီနဲ့ ဖော်စပ်ထားတဲ့ ဒီ Oh So Clean Makeup Cleansing Oil လေးဟာ ဖျက်ရ ခက်ခဲဆုံးဖြစ်တဲ့ ရေစိုခံမိတ်ကပ်များကိုပါမကျန် အကြွင်းအကျန်မရှိဖယ်ရှားပေးနိုင်ပါတယ်။ ဘာ ဂွမ်းမှ မလိုပဲ လက်ထဲထည့်ပြီး မျက်နှာပြင် အနှံနှိပ်နယ်ပေးရုံနဲ့ အဆီမှ နို့ရည်သဖွယ်ပြောင်းကာ သင့်မျက်နှာမှ အညစ်အကြေးများကို စုပ်ယူသွားမှာပဲဖြစ်ပါတယ်။ လုံးဝ ကပ်စေးစေး မရှိတဲ့အတွက် သင့်မျက်နှာသစ်ပြီးတိုင်း စိန်တပွင့်အလား လင်းလက်ပြီး ကြည်လင်တဲ့အသားရေကို ပိုင်ဆိုင်မှာပဲဖြစ်ပါတယ်။
အသုံးပြုပုံ။ ။ လက်ထဲသို့ Oh So Clean Makeup Cleansing Oil ကို တကြိမ် သို့ နှစ်ကြိမ် ညှစ်ထည့်ပါ။ ပြီးလျှင် မျက်နှာပြင်အနှံ သုတ်လိမ်းပြီး စက်ဝိုင်းလေးပုံ နှိပ်နယ် ပေးပါ။ ပြီးလျှင် ရေကျက်အေး သို့မဟုတ် ရိုးရိုးရေဖြင့် မျက်နှာသစ်ရုံနဲ့ ဖျက်ရ ခက်ခဲဆုံး ရေစိုခံမိတ်ကပ်များနဲ့ အညစ်အကြေးဖုန်မှုန့်များကင်းရှင်းပြီး နူးညံ့တဲ့အသားရေကိုပိုင်ဆိုင်နိုင်မှာပါ။
Customer Reviews
သင့်သုံးသပ်ချက်ရေးရန်အတွက် 365myanmar.com တွင် register လုပ်ပေးရန်လိုအပ်ပါသည်။